စက်မှုဝန်ကြီးဌာနနှင့် ပုဂ္ဂလိကအကျိုးတူပူးပေါင်းထုတ်လုပ်သော ALPHA တံဆိပ် ဘိလပ်မြေများ အား ပြည်သူ့အကျိုးပြု တည်ဆောက်ရေးလုပ်ငန်းများတွင် သုံးစွဲရန် လှူဒါန်းသွားမည်

Mon, 05/16/2016 - 10:07 -- Myat Thee

စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းကြီးကြပ်မှုအောက်ရှိ အမှတ်(၃၃) အကြီးစား စက်ရုံ(ကျောက်ဆည်)နှင့် Myanmar Conch Cement Co., Ltd တို့ အကျိုးတူပူးပေါင်း၍ ပြည်တွင်းဘိလပ်မြေ လိုအပ်ချက်ကိုဖြည့်တင်းပေးနိုင်မည့် တစ်နေ့တန်(၅၀၀၀)ကျ တိုးချဲ့ ဘိလပ်မြေစက်ရုံအား ရက်ပေါင်း(၁၀၀)ကာလအတွင်း ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါစက်ရုံမှ ထုတ်လုပ်သည့် ALPHA တံဆိပ် ဘိလပ်မြေသည် 28 days compressive strength 52.5 N/mm2 ရှိသည့်အတွက် ဆောက်လုပ်ရေးနှင့် လမ်း/တံတား လုပ်ငန်းများတွင် သုံးစွဲရန် အထူးကောင်းမွန်ပါသည်။ အဆိုပါ ဘိလပ်မြေ တန်ချိန် ၅၀၀ ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက နေပြည်တော်တွင် တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းတွင် အသုံးပြုနိုင်ရေးအတွက် လှူဒါန်းသွားရန်စီစဉ်လျက်ရှိပါသည်။ အများ ပြည်သူအတွက် လိုအပ်လျက်ရှိသည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ၏ ကုန်ကျစရိတ် လျှော့ချရေးတွင် အထောက်အကူပြုနိုင်ရေးအတွက် လှူဒါန်းသွားရခြင်းဖြစ်ပါသည်။