စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံသံရုံးမှ သံအမတ်ကြီးဖြစ်သူ H. E Mr. Peter Lysholt Hansen ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ လာရောက်တွေ့ဆုံ

Fri, 04/22/2016 - 14:57 -- nann nann

နေပြည်တော်၊  ဧပြီ (၂၂) 
    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား မြန်မာနိုင်ငံ ဆိုင်ရာ ဒိန်းမတ်နိုင်ငံသံရုံးမှ သံအမတ်ကြီးဖြစ်သူ H. E Mr. Peter Lysholt Hansen ဦးဆောင်သော အဖွဲ့သည် ယနေ့နံနက် (၀၉:၀၀) နာရီတွင် ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လာရောက်တွေ့ဆုံသည်။
    ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအစိုးရနှင့် ဒိန်းမတ်နိုင်ငံအစိုးရတို့ကြား အကောင်အထည်ဖော်ဆောင်ရွက်မည့် Denmark-Myanmar Country Programme (2016-2020)  ကိုအမြန်ဆုံးစတင်နိုင်ရေး၊ Country Programme အရ Myanmar SMEs Development Programme တစ်ခုအဖြစ် Inclusive and Sustainable Economic Growth ကို ပူးပေါင်းဖော်ဆောင်ရေး၊ အဓိကဒေသ များအဖြစ် ရန်ကုန်၊ မန္တလေးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် Challenge Fund အား ဒိန်းမတ် နိုင်ငံဘက်မှ ထူထောင်ရန်နှင့် သတ်မှတ်ချက်နှင့် ကိုက်ညီသော လုပ်ငန်းများအား ရင်းနှီးမတည်ငွေ ၊ လိုအပ်သည့် Training များပေးနိုင်ရေး၊ စီမံကိန်း အကောင် အထည်ဖော်ပြီးစီးနိုင်မှုမှတစ်ဆင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု၊ အလုပ် အကိုင်နှင့်ပတ်သက်သော ဘေးကင်းလုံခြုံမှုနှင့် စွမ်းအင်၊ ရေ အလေအလွင့် အနည်း ဆုံးသုံးစွဲနိုင်မှု စသည့်ရည်မှန်းချက်များရောက်ရှိစေရေးအတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။ 
    အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။