စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း အမှတ်(၂၁)အကြီးစားစက်ရုံ(သထုံ)တွင် ငှားရမ်း/အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)

Fri, 11/11/2016 - 14:52 -- Myat Thee

၁။   စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ မော်တော်ယာဉ် တာယာများ ထုတ်လုပ်သော အမှတ်(၂၁)အကြီးစားစက်ရုံ(သထုံ)တွင် တာယာနှင့်ရာဘာစ္စည်းများ အခြေခံသည့် စက်မှုလုပ်ငန်းများကို စိတ်ပါဝင်စားသူ ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ငှားရမ်း/အကျိုးတူပူးပေါင်းဆောင်ရွက်သွားရန် အစီအစဉ်ရှိပါသည်။  

၂။      ပထမအဆင့်အနေဖြင့် စိတ်ပါဝင်စားသည့်ကုမ္ပဏီများသည် စိတ်ဝင်စားမှုဖော်ပြခြင်း လျှောက်လွှာ Expression of Interest(EOI) ကို စက်မှုဝန်ကြီးဌာန၊ အမှတ်( ၂)အကြီးစားစက်မှု လုပ်ငန်း၊ စီမံရေးဌာန၊ ရုံးအမှတ်( ၄၁ )၊ နေပြည်တော်၊ ပြည်တောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ လိပ်မူလျက် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ  ၁၅ ရက်နေ့၊ မွန်းလွဲ ၃ နာရီ( မြန်မာစံတော်ချိန် )အရောက် ပေးပို့ရမည်ဖြစ်ပါသည်။ စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ( EOI ) ပုံစံနှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းများကို ကုမ္ပဏီဆိုင်ရာအထောက်အထားများပြသ၍ အထက်ပါလိပ်စာတွင် ၁၅-၁၁-၂၀၁၆ ရက်နေ့မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။

            တင်ပြရမည့် ကုမ္ပဏီဆိုင်ရာအထောက်အထားများ

              (က)    သက်တမ်းရှိကုမ္ပဏီ မှတ်ပုံတင်လက်မှတ်

              (ခ )    ကုမ္ပဏီသင်းဖွဲ့မှတ်တမ်း/စည်းမျဉ်း

              (ဂ )    နည်းပညာပူးပေါင်းဆောင်ရွက်မည့် နိုင်ငံခြားကုမ္ပဏီ

                        (အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်ဖုန်း၀၆၇-၄၀၈၃၇၂၊၀၆၇-၄၀၈၂၉၈)