ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချို UNIDO မှ Program Assistant မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌနှင့် Suzuki Motor Corporation မှ Executive General Manager တို့အား သီးခြားစီတွေ့ဆုံ

Fri, 05/27/2016 - 09:44 -- Myat Thee

နေပြည်တော် မေ ၂၅

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယနေ့ နံနက် (၉)နာရီတွင် UNIDO မှ Program Assistant ဖြစ်သူ Mr. Put Kamngoen နှင့် အဖွဲ့အားလည်းကောင်း၊ နံနက် (၁၀)နာရီတွင် မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ်သူများအသင်းဥက္ကဌ ဦးဇော်မင်းဝင်းနှင့် အဖွဲ့အားလည်းကောင်း၊ မွန်းလွဲ(၁)နာရီတွင် Suzuki Motor Corporation မှ Executive General Manager Mr. Kinji SAITO နှင့် အဖွဲ့အားလည်းကောင်း ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ သီးခြားစီ တွေ့ဆုံသည်။

UNIDO နှင့်တွေ့ဆုံရာတွင်မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် စက်မှုဝန်ကြီးဌာနနှင့်UNIDO တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော Ongoing Projects များအားအရှိန်အဟုန်မြှင့် ဆက်လက်အကောင်အထည် ဖော်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။

  

မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းနှင့် တွေ့ဆုံစဉ် ဥပဒေနှင့် လုပ်ထုံး လုပ်နည်းဖြေလျော့ပေးရေးကိစ္စရပ်များ၊ စက်မှုလုပ်ငန်းရှင်များ ချေးငွေ လွယ်ကူ လျင်မြန်စွာရရှိရေးကိစ္စရပ်များ၊ စက်နှင့်စက်ပစ္စည်းတင်သွင်းမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

Suzuki Motor Corporationနှင့် တွေ့ဆုံရာတွင် ဂျပန်နိုင်ငံမှ မော်တော် ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သည့်အသေးစားနှင့် အလတ်စား ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းရှင်များအား မြန်မာနိုင်ငံသို့ဖိတ်ခေါ်၍ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက် နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

Source: MOI Webportal