ပြည်ထောင်စုဝန်ကြီး မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် စက်မှုနယ်မြေရှိ အမှတ်(၃၆)အကြီးစားစက်ရုံ(ကျောက်ဆည်)အား ကြည့်ရှု စစ်ဆေး

Wed, 06/29/2016 - 12:29 -- Myat Thee

နေပြည်တော် ဇွန် ၂၈ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယမန်နေ့ နေ့ လည် ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည် စက်မှုနယ်မြေ ရှိ အမှတ် (၃၆)အကြီး စားစက်ရုံ(ကျောက်ဆည်)သို့ ရောက်ရှိပြီး စက်ရုံရှင်းလင်းဆောင်၌ စက်ရုံမှူးက ရှင်းလင်း တင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ကုန်ထုတ်လုပ်မှု တစ်ခုတည်းသာ ဆောင်ရွက်နေ၍ မရဘဲ ဖြန့်ဖြူး ရောင်းချ နိုင်ရေးအတွက် ဈေးကွက်ရှာဖွေရမည်ဖြစ်ကြောင်း၊ စက်ရုံမှ ဈေးကွက်လေ့လာရေး အဖွဲ့များဖွဲ့၍ ဈေးကွက် သုတေသန ပြု လုပ်ရန်နှင့် ဈေးကွက်ကို မျက်ခြေမပြတ် စောင့်ကြည့်ရန်လိုကြောင်း၊ မိမိထုတ်ကုန် ပစ္စည်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိအောင်နှင့် ရောင်းအားတက်စေရေး ကြော်ငြာပေးရန် လိုကြောင်း၊ မှန်အသုံးပြုသည့် အသုံးအဆောင်ပစ္စည်းများထုတ်လုပ်နိုင်ရေး တီထွင်စမ်းသပ် လုပ်ဆောင်ရန်လိုကြောင်း၊ အရည်အသွေးကောင်းသည့် မှန်များ ထုတ်လုပ်နိုင်ရေး အစဉ်အမြဲ ကြိုးစားဆောင်ရွက်နေရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မှန်ထုတ်လုပ်မှုနည်းစဉ် အဆင့်ဆင့်ကိုလည်း ကောင်း၊ မှန်ရည်ကျိုးမီးဖို၊ Control Room ၊ မှန်အနားသွေးနေသည့် အခြေအနေ၊ မှန်အနားဇောင်း သွေးနေသည့် အခြေအနေ၊ အားဖြည့်မှန်နှင့် လွှာထပ်မှန် ထုတ်လုပ်နေသည့် အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

Source: MOI Webportal