ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H. E. Mr. Andrew Patrick ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့လာရောက်တွေ့ဆုံ

Thu, 05/12/2016 - 15:32 -- Myat Thee

နေပြည်တော် မေ ၁၁

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီး H. E. Mr. Andrew Patrick ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၆ ခုနှစ်၊ မေလ(၁၁)ရက်နေ့ နံနက် (ဝ၉:၃၀)နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်တွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဗြိတိန်အစိုးရမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် Private Sector Development Program အရ စက်မှုဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များ၊ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် အခြေခံကျသော စက်မှုဆိုင်ရာစံချိန်စံညွှန်းသတ်မှတ်နိုင်ရေးကိစ္စရပ်များ၊ SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် Human Resource Development အတွက် Engineering English Training Program များ ဖွင့်လှစ်ပံ့ပိုးပေးနိုင်ရေးစသည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြပါသည်။