ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား ထိုင်းနိုင်ငံ၊ Double A (1991) Public Co., Ltd. ၏ Managing Director ဖြစ်သူ Mr.Yothin Dumnerncchanvanit ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ

Mon, 02/29/2016 - 13:23 -- Myat Thee

နေပြည်တော်၊ ဖေဖော်ဝါရီ (၂၉)

        စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်အား ထိုင်းနိုင်ငံ၊ Double A (1991) Public Co., Ltd. ၏ Managing Director ဖြစ်သူ Mr. Yothin Dumnerncchanvanit ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် (၂၉.၂.၂၀၁၆)ရက်နေ့ နံနက်(၁၀:၀၀) နာရီတွင်  ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမဆောင်၌ လာရောက် တွေ့ဆုံခဲ့ပါသည်။

        ထိုသို့တွေ့ဆုံရာတွင် Double A (1991) Public Co., Ltd.  အနေဖြင့် စက်မှု ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း) အား လုပ်ငန်း ဆောင်ရွက်ခွင့် သက်တမ်းတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ Bio-mass Power Plant တည်ဆောက်မှုဆိုင်ရာ လုပ်ငန်းလိုအပ်ချက်များ၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် Power Purchasing Agreement ချုပ်ဆိုရေးဆိုင်ရာလုပ်ငန်းများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ရေးအတွက် နှစ်ဦးနှစ်ဘက်လုပ်ဆောင်မည့် လုပ်ငန်းအစီအစဉ်များ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

      အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။

editor