ရွှေတောင်တွင်အထည်စက်ရုံ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

Thu, 07/07/2016 - 10:26 -- Myat Thee

နေပြည်တော် ဇူလိုင် ၆

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား ဂျပန်နိုင်ငံ Tsuyatomo Co., Ltd.  မှ President Mr. Oguri Yoshihiro ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် Tsuyatomo Co., Ltd. အနေဖြင့် စက်မှုဝန်ကြီးဌာန အမှတ်(၃) အကြီးစား စက်မှုလုပ်ငန်းကြီးကြပ်မှုအောက်ရှိ အမှတ်(၁) အထည်စက်ရုံ(ရွှေတောင်)တွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များ  Japan- Myanmar Textile Training Center ဖွင့်လှစ်မည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)