သင်္ဃန်းကျွန်းမြို့နယ်ရှိ ရော်ဘာပစ္စည်းစက်ရုံခွဲ ပြည်ထောင်စုဝန်ကြီးကြည့်ရှု

Mon, 07/25/2016 - 14:52 -- Myat Thee

နေပြည်တော် ဇူလိုင် ၂၄

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ဇူလိုင် ၂၃ ရက် နံနက်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ ရော်ဘာ စ္စည်းစက်ရုံခွဲ(ရန်ကုန်)သို့ ရောက်ရှိသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံမှထုတ်လုပ်ထားရှိသည့် ရော်ဘာပစ္စည်းများ ခင်းကျင်းပြသ ထားသည့်အခြေအနေနှင့် ရော်ဘာ ပစ္စည်းအမျိုးမျိုး ထုတ်လုပ်သည့် နည်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

  

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် ဗဟန်းမြို့နယ် တက္ကသိုလ် ရိပ်သာလမ်းသစ်ရှိ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဗဟိုဌာန၌ စက်မှုဝန်ကြီး ဌာနနှင့် ဂျာမနီနိုင်ငံ GIZ အဖွဲ့ အစည်းတို့ပူးပေါင်း၍ မြန်မာနိုင်ငံရှိ SME များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထိရောက်အကျိုးရှိစေမည့် အဋ္ဌမအကြိမ်မြောက် Saturday SME Talk ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်အားပေးသည်။

အခမ်းအနားတွင် စက်မှုဝန်ကြီး ဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းက အဖွင့်အမှာ စကားပြောကြားပြီး မြန်မာနိုင်ငံ ဓာတု ဗေဒစက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းထင်က “The Current Status of Chemical Industries for SMEs in Myanmar” ခေါင်းစဉ် ဖြင့် ဓာတုဗေဒပစ္စည်းအသုံးပြုခြင်းနှင့် စပ်လျဉ်း၍ အတွေ့အကြုံဗဟုသုတ များ၊ နိုင်ငံတကာလုပ်နည်းလုပ်ဟန် များ၊ လူနှင့်သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေမည့် စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအကြောင်းကို ဟောပြောဆွေး နွေးခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဆွေးနွေးသည်။

အဆိုပါဆွေးနွေးပွဲတွင် ဓာတုဗေဒ ပစ္စည်းအသုံးပြုသော ပြည်တွင်း၊ ပြည်ပ Heavy Chemical Industry များနှင့် SME များအပြင် လူနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ရန် တာဝန်ရှိသော နိုင်ငံသားအားလုံးသည် လူမှုဝန်းကျင် ဂေဟစနစ်ကို ထိခိုက်မှုအနည်းဆုံးဖြင့် ဓာတုဗေဒပစ္စည်းများအား အကျိုး ရှိစွာ စီမံခန့်ခွဲအသုံးချနိုင်စေရန်နှင့် သိရှိလိုက်နာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများဌာနသည် မြန်မာနိုင်ငံရှိ SME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးမြှင့်တင် ဆောင်ရွက်ပေး လျက်ရှိရာတွင် လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် SME များ၏ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားတိုးတက်လာစေရန် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ Seminar များ ကျင်းပပေးလျက် ရှိသည်။ ထို့အပြင် နည်းပညာဆိုင်ရာ အကူအညီပံ့ပိုးပေးမှုများ၊ ဈေးကွက် ချဲ့ထွင်လာနိုင်ရေး ပံ့ပိုးပေးမှုများ၊ ငွေကြေးအရင်းအမြစ်နှင့် ဘဏ္ဍာငွေ အထောက်အပံ့များ ရရှိနိုင်ရေးတို့ အတွက်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)