အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံပိုင်လုပ်ငန်းများဝန်ကြီးဌာန၊ ဝန်ကြီး H. E Ms. Rini M. Soemarno ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး H. E Dr. Ito Sumardi တို့မှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား လာရောက်တွေ့ဆုံ

Mon, 10/10/2016 - 09:45 -- nann nann

နေပြည်တော်၊ အောက်တိုဘာ (၆)

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုအား အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံပိုင်လုပ်ငန်းများဝန်ကြီးဌာန၊ ဝန်ကြီး H. E Ms. Rini M. Soemarno ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး H. E Dr. Ito Sumardi တို့မှ ယနေ့နံနက်(ဝ၈:၃၀)နာရီတွင် စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ပုဂ္ဂလိကစက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၏ အရေးပါမှုနှင့် အထောက်အပံ့ပေးနိုင်မှုများ၊ နိုင်ငံပိုင် လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ပြုပြင်ပြောင်းလဲရမည့် အဆင့် များဖြစ်သည့် စီးပွားရေးဆန်ဆန်ပြောင်းလဲလုပ်ကိုင်မှု (Commercialization)၊ စီးပွားရေးလုပ်ငန်းများ စုဖွဲ့၍ဆောင်ရွက်မှု (Corporatization)၊ ပုဂ္ဂလိကသို့ လွှဲပြောင်းလုပ်ကိုင်စေမှု (Privatization) စသည့် SOEs Transformation Process များကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီးနောက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုပုံစံများ (Public Private Partnership Model) ပေါင်းစပ်ညှိနှိုင်း ရေးဆွဲရေး၊ စီးပွားရေးပုံစံပြောင်းလဲရာတွင် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ဆောင်ရွက်သွားရမည့် မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များ ရေးဆွဲခြင်းဆိုင်ရာကိစ္စရပ်များ၊ စီးပွားရေးနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက် ခဲ့ကြကြောင်း သတင်းရရှိသည်။