အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Fri, 09/04/2015 - 13:02 -- Myat Thee

စက်မှုဝန်ကြီးဌာန

အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။        စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း သံမဏိစက်ရုံများကြီးကြပ်ရေးဌာနအောက်ရှိ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)အတွက် (က) (50) Ton Mobile Car Crane (၁)စီး ဝယ်ယူခြင်း ၊ (ခ) သက်တမ်းလွန်ယာဉ် (၃၀,၀၀၀)စီး၏ အစိတ်အပိုင်းများ ဖြုတ်သိမ်းခြင်းလုပ်ငန်းနှင့် (ဂ) သံရည်ပျက်တုံး (၁၅၇၂.၀၂)တန် ဖြတ်တောက်ခြင်းလုပ်ငန်းတို့အား မြန်မာကျပ်ငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်လိုပါသည်။

၂။         တင်ဒါပုံစံစတင်ထုတ်ယူနိုင်မည့်ရက်            - ၁၄.၉.၂၀၁၅ ရက်

            တင်ဒါပိတ်မည့်ရက်နှင့်အချိန်                   - ၂.၁၀.၂၀၁၅ ရက် ၁၃:၀၀ နာရီ

၃။         အိတ်ဖွင့်တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို အောက်ပါလိပ်စာတွင် ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်ပါသည်။

နည်းပညာဖွံ့ဖြိုးရေးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း

ရုံးအမှတ်(၃၀)၊ နေပြည်တော်၊ ဖုန်း ၀၆၇-၄၀၅၀၆၀

editor