အမှတ် (၄) စက်မှုသင်တန်းကျောင်း (ပခုက္ကူ )

၁။   သင်တန်းကျောင်းအမည် −  အမှတ် (၄) စက်မှုသင်တန်းကျောင်း (ပခုက္ကူ )

       အိန္ဒိယသမ္မတနိုင်ငံ HMT(International)Ltd အထောက်အပံ့ဖြင့် ဖွင့်လှစ်တည်ထောင် ထားခြင်းဖြစ်သည်။

၂။    သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်

       (က) တိုင်းပြည်၏ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက မောင်းနှင်အားဖြစ်သည့်  အရည်အသွေးပြည့်ဝသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးရေးနှင့် ကဏ္ဍအလိုက် သင့်တော်သည့် လုပ်ငန်းခွင်များတွင် တာဝန်ယူထမ်းဆောင်နိုင်စေရေး၊

       ( ခ) ပြည်တွင်း ကျွမ်းကျင်လုပ်သားများ လိုအပ်ချက် မညီမျှမှုအား တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးရေး၊

၃။   သင်တန်းတွင် သင်ကြားလျက်ရှိသော ဘာသာရပ်များနှင့် သင်ရိုးညွှန်းတမ်းများ

       (က) တွင်ခုံကိုင်တွယ်မောင်းနှင်မှုသင်တန်း(Machinist Turner Course)

       ( ခ) ကြိတ်ခုံကိုင်တွယ်မောင်းနှင်မှုသင်တန်း(Machinist Miller Course)                  

      ( ဂ)       ကွန်ပျူတာသုံးစက်ခုတ်စားမှုနှင့် စက်ကိရိယာများကိုင်တွယ်မောင်းနှင်မှုသင်တန်း (CNC  Machining Course)

       (ဃ) စက်ရုံလျှပ်စစ်ပညာသည်သင်တန်း(Industrial  Electrician Course)                

       ( င)       အီလက်ထရောနစ် စက်ပြင်သင်တန်း(Electronics   Mechanics Course )

       ( စ) အမာတင်လုပ်ငန်းလုပ်သားသင်တန်း(Heat Treatment Worker Course)   

       (ဆ) မော်တော်ယာဉ်မက္ကင်းနစ်သင်တန်း (Automobile  Mechanics Course)    

       ( ဇ) သံထည်နှင့်သံဂဟေဆက်လုပ်သားသင်တန်း(Sheet  Metal  & Welding Worker   Course)

       (စျ) TIG/MIG သံဂဟေဆက်လုပ်သားသင်တန်း(TIG/MIG  Welding Worker  Course)

၄။   သင်တန်းကာလ

       ( ၁) နှစ်၊ နာရီပေါင်း (၁၆၀၀)ဖြစ်ပါသည်။

၅။   တစ်ကြိမ်လျှင် တက်ရောက်နိုင်သော သင်တန်းသားဦးရေ

      (၂၁၆) ဦး

၆။   တက်ရောက်ရန် ခွင့်ပြုထားသော သင်တန်းသားများ၏ အနိမ့်ဆုံးပညာအရည်အချင်း (သို့မဟုတ်)အခြေခံလိုအပ်ချက်

      (က)  အခြေခံပညာအထက်တန်း (ဒသမတန်း) ဖြေဆိုဖူးသူ ဖြစ်ရမည်၊

      ( ခ)  အသက်(၁၇)နှစ်မှ (၂၅)နှစ်အတွင်း ဖြစ်ရမည်၊

      ( ဂ)  ကျန်းမာရေး ကောင်းမွန်ပြီး စက်မှုဝါသနာပါသူ ဖြစ်ရမည်၊

      (ဃ)  ပြည်ထောင်စု မြန်မာနိုင်ငံသား ဖြစ်ရမည်၊

      ( င)  သင်တန်းစည်းကမ်းများကို လိုက်နာ၍ သင်တန်းပြီးဆုံးအောင် တက်ရောက်နိုင်သူ         ဖြစ်ရမည်၊

၇။   တက်ရောက်ရန် ခွင့်ပြုထားသော သင်တန်းသား(အစိုးရဝန်ထမ်း၊ ပုဂ္ဂလိကဝန်ထမ်း၊ မည်သူမဆို)

       သင်တန်းဝင် အရည်အချင်းနှင့် ကိုက်ညီသူ မည်သူမဆို ကျား/မ မရွေး တက်ရောက် နိုင်သည်။

၈။   တစ်နှစ်အတွင်းဖွင့်လှစ်လျက်ရှိသော သင်တန်းအကြိမ်အရေအတွက်(လက်ရှိအခြေအနေ)

(၁)နှစ်လျှင် (၁)ကြိမ် ဖွင့်လှစ်လျက်ရှိပါသည်။

၉။   တစ်နှစ်အတွင်းဖွင့်လှစ်နိုင်သော သင်တန်းအကြိမ်အရေအတွက်(သင်တန်းသားရရှိပါက)

(၁)နှစ်လျှင် (၁)ကြိမ် ဖွင့်လှစ်နိုင်ပါသည်။

၁၀။ တစ်နှစ်အတွင်း မွေးထုတ်ပေးလျက်ရှိသော သင်တန်းသား အရေအတွက် (လက်ရှိ အခြေအနေ)

တစ်နှစ်လျှင် သင်တန်းသား(၂၁၆) ဦးအထိ လက်ခံသင်ကြားနိုင်ပြီး လက်ရှိသင်တန်း အမှတ်စဉ်(၄)တွင် သင်တန်းသား(၁၄၇)ဦး တက်ရောက်သင်ကြားလျှက် ရှိပါသည်။

၁၁။ တစ်နှစ်အတွင်း မွေးထုတ်ပေးလျက်ရှိသော သင်တန်းသား အရေအတွက် (သင်တန်း သားရရှိပါက)

လက်ရှိသင်တန်းအမှတ်စဉ်(၄)တွင် သင်တန်းသား(၁၄၇)ဦး တက်ရောက်သင်ကြားလျှက် ရှိပါသည်။

၁၂။ သင်တန်းသားများအား အိပ်ဆောင်စီစဉ်ပေးနိုင်မှုအခြေအနေ

      သင်တန်းသားများအတွက်  အိပ်ဆောင်နေရာ စီစဉ်ပေးပါသည်။      

၁၃။ သင်တန်းဖွင့်လှစ်သည့် တည်နေရာ/နေ့ရက်

      အမှတ်(၄) စက်မှုသင်တန်းကျောင်း(ပခုက္ကူ)သည် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ပခုက္ကူ-မြိုင် သွားကားလမ်းဘေးတွင် တည်ရှိပါသည်။ အမှတ်စဉ်(၁) သင်တန်းအား (၁၅-၇-၂၀၁၀) ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပါသည်။

၁၄။ သင်တန်းပြီးဆုံးပါက အလုပ်အကိုင်ရရှိနိုင်မည့်  အခြေအနေ

      (ဝန်ထမ်းသင်တန်းသားများမပါ)

      စက်မှုသင်တန်းကျောင်းများမှ သင်တန်းဆင်း အောင်လက်မှတ် ရရှိသူများအား စက်မှုဝန်ကြီးဌာန အောက်ရှိ စက်ရုံအလုပ်ရုံများတွင် အလုပ်အကိုင် ခန့်အပ်ပေး၍သော် လည်းကောင်း၊ အခြားဝန်ကြီး ဌာနများနှင့် ဆက်သွယ်၍ သော်လည်းကောင်း၊ စက်မှုဇုန်များနှင့် ချိတ်ဆက်၍ သော်လည်းကောင်း၊ အလုပ်အကိုင်ပြပွဲ (Job Fair) များတွင် ဝင်ရောက်၍ စက်မှုသင်တန်းကျောင်းဆင်းများ၏ အချက်အလက်များအား ပြသပြီး ကုမ္ပဏီများနှင့် ချိတ်ဆက်၍သော်လည်းကောင်း အလုပ်အကိုင်များ ရရှိစေရေး အတွက် ဆောင်ရွက်ပေးလျက်ရှိပါသည်။

၁၅။ သင်တန်းပြီးဆုံးပါက ထုတ်ပေးမည့် လက်မှတ်အမျိုးအစား

      သင်တန်းကာလ၏ ၉၀ ရာခိုင်နှုန်း တက်ရောက်ပြီး စာတွေ့လက်တွေ့စာမေးပွဲများ အောင်မြင်မှသာ (NSSA-Level II အဆင့်ရှိ) သင်တန်းဆင်း အောင်လက်မှတ် ချီးမြှင့်ပေးပါသည်။

၁၆။ သင်တန်းကြေး ကောက်ခံမှုအခြေအနေ (ပြင်ပသင်တန်းသားလက်ခံသင်ကြားပါက)

       သင်တန်းသားများအတွက် သင်တန်းကြေး ကောက်ခံခြင်းမရှိပါ

       အိပ်ဆောင်နေ သင်တန်းသားများအတွက် တစ်လလျှင် စားစရိတ်ငွေကျပ် ၁၅,၀၀၀/- နှင့် ရိပ်သာကြေး ကျပ် ၂,၀၀၀/-ကောက်ခံပါသည်။ ပြင်ပမှ တက်ရောက်သော သင်တန်းသား များအတွက် လစဉ် ရိပ်သာကြေး ကျပ် ၂,၀၀၀/- ကောက်ခံပါသည်။

၁၇။ သင်တန်းဆရာဦးရေ

       သင်တန်းနည်းပြ (၂၃)ဦး အပါအဝင်၊ အရာထမ်း/အမှုထမ်း (၄၁)ဦး ခန့်အပ်ထားပါသည်။

၁၈။ သင်တန်းဆရာများ၏ ကျွမ်းကျင်မှုနှင့် အတွေ့အကြုံ၊ လုပ်သက်

       စက်ရုံ/အလုပ်ရုံများတွင် အတွေ့အကြုံရှိပြီးသူ ဝန်ထမ်းများအား ပြည်ပနိုင်ငံသို့ ဆရာဖြစ် သင်တန်း တက်ရောက်စေပြီး၊ နည်းပြများအဖြစ် တာဝန်ပေးအပ်ထားခြင်း ဖြစ်ပါသည်။

၁၉။ လက်ရှိအခြေအနေတွင် ဝန်ထမ်းသင်တန်းသားများသာ လက်ခံသင်ကြားလျက်ရှိပါက နောင်တွင် ပြင်ပသင်တန်းသားများ လက်ခံပေးနိုင်မည့်အခြေအနေ

       လက်ရှိတွင် ဝန်ထမ်းသင်တန်းသားများသာမက ပြင်ပ သင်တန်းသားများကိုပါ လက်ခံ သင်ကြားပေးလျက်ရှိပါသည်။

၂၀။ သင်တန်းအထောက်အကူပစ္စည်းများအခြေအနေ

       သင်တန်းကျောင်းများတွင်ရှိ သင်ထောက်ကူပစ္စည်းများမှာ သင်တန်းကျောင်းဖွင့်လှစ် တည်ထောင်စဉ်က ထောက်ပံ့ကူညီသော အိန္ဒိယသမ္မတနိုင်ငံ၏ ခေတ်မီ သင်ထောက်ကူ ပစ္စည်းများဖြစ်ပါသည်။

၂၁။ လက်တွေ့လုပ်ငန်းခွင်နှင့် ဆက်စပ်မှုအခြေအနေ

       သင်တန်းကာလ(၁)နှစ် မပြီးဆုံးခင် နီးစပ်ရာ စက်ရုံအလုပ်ရုံများတွင် လုပ်ငန်းခွင် လက်တွေ့သင်တန်း(Implant Training)အား ရက်သတ္တ(၂)ပတ် ဆောင်ရွက်ပေးပါသည်။  သင်တန်းကျောင်းတွင် သင်ကြားပေးသည့် ဘာသာရပ်များသည် စက်ရုံ/အလုပ်ရုံနှင့် လုပ်ငန်းခွင်များအတွက် အသုံးဝင်သည့် ဘာသာရပ်များဖြစ်ပါသည်။

၂၂။  နိုင်ငံတကာ အဖွဲ့အစည်းများမှ အသိအမှတ်ပြုမှု အခြေအနေ

       သင်တန်းကျောင်း ဖွင့်လှစ်တည်ထောင်ခြင်းအတွက် ထောက်ပံ့ကူညီသော မိတ်ဖက်နိုင်ငံ အဖွဲ့အစည်းများ၏ သင်ရိုးညွှန်းတမ်းအား အခြေခံလျက် သင်ကြားပါသည်။

၂၃။ သင်တန်းကျောင်း (အဆောက်အဦ၊ မြေနေရာ ပိုင်ဆိုင်မှုအခြေအနေ)

       သင်တန်းကျောင်းပိုင် မြေနေရာ(၃၂.၇၆ ဧက)တွင် သင်တန်းဆိုင်ရာ အဆောက်အဦ၊ စက်မှု ဆိုင်ရာအဆောက်အဦ၊ အုပ်ချုပ်မှုဆိုင်ရာအဆောက်အဦ၊ ဝန်ထမ်းအိမ်ယာနှင့် သင်တန်း သားအိပ်ဆောင်များရှိပါသည်။

၂၄။ သင်တန်းပြီးဆုံးပါက သင်တန်းသားများထံမှ Feed Back တောင်းခံမှုရှိမရှိ

       သင်တန်းအမှတ်စဉ်တိုင်းအတွက် သင်တန်းပြီးဆုံးပါက Feed Back တောင်းခံထားရှိပါ သည်။

၂၅။ သင်တန်းစည်းကမ်း

       ကျောင်းခေါ်ချိန် ၉၀% ပြည့်မှသာ စာမေးပွဲဖြေဆိုခွင့်ရှိပြီး သင်တန်းကျောင်းများတွင် စာသင်ခန်းစည်းကမ်း၊ အိပ်ဆောင်စည်းကမ်း၊ စားရိပ်သာစည်းကမ်း၊ စာမေးပွဲစည်းကမ်း၊ စက်ရုံတွင်း လက်တွေ့ဆောင်ရွက်စဉ်စည်းကမ်း စသည်ဖြင့် သတ်မှတ်ရေးဆွဲ ထားရှိပါ သည်။

၂၆။ သင်တန်းတွင် အသုံးပြုမည့် ဘာသာစကား

       ဘာသာရပ်ဆိုင်ရာများကို English စာဖြင့်ရေးသားပြီး မြန်မာဘာသာဖြင့် ရှင်းလင်း သင်ပြပေးပါ သည်။

၂၇။ နှစ်အလိုက် မွေးထုတ်ခဲ့သော သင်တန်းသားအရေအတွက်

       နှစ်အလိုက်မွေးထုတ်ပေးခဲ့သည့် သင်တန်းဆင်းအရေအတွက်နှင့် အလုပ်အကိုင်ရရှိမှုအား နောက်ဆက်တွဲ(ဃ) ဖြင့် ပူးတွဲဖော်ပြအပ်ပါသည်။

၂၈။ ပညာသင်ဆု(သို့) ပညာရေးပံ့ပိုးမှု၊ ခံစားခွင့်

       ပညာသင်ဆု ချီးမြှင့်ခြင်းမရှိပါ။

၂၉။ သင်တန်းဖွင့်လှစ်ခွင့် ရရှိမှုအခြေအနေ

                   -

၃၀။ ဆက်သွယ်ရမည့် တယ်လီဖုန်းအမှတ်၊ ဖက်(စ်)၊ E-mail

       ဦးစိုးဝင်း၊ ကျောင်းအုပ်ကြီး။

       ဦးရဲထွဋ်ဇော်၊ ဒု-ကျောင်းအုပ်ကြီး၊ ၀၉ ၄၀၁၅၀၉၀၂၈။

      E-mail address, itc.pakokku.moi2@gmail.com