အသုံးဝင်သည့် ဝက်စ်ဆိုဒ်များ

(၁) မြန်မာနိုင်ငံနည်းပညာနှင့်အသက်မွေးဝမ်းကျောင်းပညာရေးလမ်းညွှန်

         မြန်မာနိုင်ငံ၏ နည်းပညာနှင့်အသက်မွေးဝမ်းကျောင်းပညာရေးသည် ဘက်စုံလွှမ်းခြုံသော ပညာရေးကဏ္ဍ၏ အဓိက ကျသည့် ကဏ္ဍကြီး (၆)ခုအနက် တစ်ခုဖြစ်ပါသည်။ အကြောင်းရင်းမှာ ဤကဏ္ဍကို ကောင်းမွန်တိုးတက် စေခြင်းဖြင့် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်လုပ်သားအမြောက်အများအား မွေးထုတ်နိုင်သည့်အတွက် တိုင်းပြည်၏ အလုံးစုံစီးပွားရေးနှင့်  လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ရရှိစေပါမည်။ ယခုအခါ နည်းပညာနှင့်အသက်မွေးဝမ်းကျောင်း ပညာရေးကဏ္ဍမြင့်တင်ရေး အတွက် အလုပ်သမား၊အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန စသည်များ အပါအဝင် ဝန်ကြီးဌာန (၁၉)ခု က ပူးပေါင်းပါဝင် ဆောင်ရွက်လျှက် ရှိပါသည်။

ပိုမိုအသေးစိတ်သိရှိလိုပါက  မြန်မာနိုင်ငံ နည်းပညာနှင့်အသက်မွေးဝမ်းကျောင်းပညာရေးလမ်းညွှန်၏ Website  http://tvetmyanmar.org/ တွင် ကြည့်ရှုနိုင်ပါသည်။